ဆွမ်ပရာဘွမ်  ၊ ၈  ဒီဇင်ဘာ 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များ သတ်မှတ်စံချိန်စံနှုန်း A အဆင့်ကိုက်ညီမှု ရှိ / မရှိ စစ်ဆေးခြင်းကို ဒီဇင်ဘာ ၈ ရက် နံနက် ၁၁ နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များမှ လိုက်လံစစ်ဆေးခဲ့သည်။

 စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်ရောင်းချရာတွင် သတ်မှတ်စံချိန် စံနှုန်း A အဆင့် ကိုက်ညီမှု ရှိ / မရှိ ၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask တပ်ဆင်ရောင်းချ ခြင်း ရှိ / မရှိ ၊ မျက်နှာအကာ Face Shied များ တပ်ဆင်ခြင်း ရှိ / မရှိ၊ ခြောက်ပေခြားထားခြင်း ရှိ / မရှိ၊ လက်ဆေး ဘေစင်ထားရှိခြင်း ရှိ / မရှိ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီရောင်းချခြင်း ရှိ / မရှိ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များလိုက်နာမှု ရှိ / မရှိ စသော အချက်များ ကိုက်ညီမှု ရှိ / မရှိ စစ်ဆေးခဲ့ကြသည်။ 

အဆိုပါအဖွဲ့တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်စမ်းအောင်၊ မြို့နယ်စည်ပင်၊ မြို့နယ်ကျန်းမာ ရေး၊ မြို့နယ်ပြန်/ဆက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။ 

ကုဋေ (ပြန်/ဆက်)