ဆွမ်ပရာဘွမ် မေ ၂၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေ ၂၃ ရက် နံနက်ပိုင်းမှ စတင်ပြီး အဆိုပါကျောင်းများ၌ ကျောင်းသား ကျောင်းသူများအား စတင်လက်ခံပေးလျက်ရှိသည်။
ဆွမ်ပရာဘွမ်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်း၊ အလယ်တန်းကျောင်း တစ်ကျောင်း၊ အလယ်တန်းခွဲကျောင်း တစ်ကျောင်း၊ မူလတန်းလွန်ကျောင်း တစ်ကျောင်း၊ မူလတန်းကျောင်း ကိုးကျောင်း စုစုပေါင်း ၁၃ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
ဧပရယ်မိုး(ပြန်/ဆက်)