ဆွမ်ပရာဘွမ် နိုဝင်ဘာ ၂၅
ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အသေးစားစက်မှုလက်မှုဦးစီးဌာနနှင့် ပူးပေါင်း၍ ကျေးလက်နေလူငယ်များ အတွက် ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း ဆင်းပွဲကို နိုဝင်ဘာ ၂၄ ရက်မွန်းလွဲ ၂ နာရီက ဆွမ်ပရာဘွမ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များက သင်တန်းနည်းပြဆရာများကို အမှတ်တရ လက်ဆောင်ပစ္စည်းများနှင့် သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များ၊ သင်ထောက်ကူ ပစ္စည်းများ အသီးသီးပေးအပ်ကြသည်။
အဆိုပါသင်တန်းသို့ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများမှ သင်တန်းသား ၁၅ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ နိုဝင်ဘာ ၁၅ ရက်မှ ၂၄ ရက်ထိဖြစ်ကြောင်း သိရသည်။
မင်းမြင့်မိုရ်(ကျေးလက်)


