ဆွမ်ပရာဘွမ် ၃၁ ဇူလိုင်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးဦးဆောင်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်စမ်းအောင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဆွေ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးအောင်နိုင်ဦးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တို့သည် ဆွမ်ပရာဘွမ်မြို့ မြို့မရပ်ကွက်အတွင်း ကွင်းဆင်းကောက်ယူခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)


