ဆွမ်ပရာဘွမ် ၂၄ နို၀င်ဘာ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကမ္ဘာ့ပဋိဇီ၀ ဆေးယဉ်ပါးမှုဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ဆွမ်ပရာဘွမ်မြို့ ဘန်ရူခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ ၀င်းမြင့်အောင်က တိရစ္ဆာန်မွေးမြူသည့် ပိုင်ရှင်များအနေဖြင့် ဆောင်ရန်ရှောင်ရန်များ၊ မွေးမြူရေးလုပ်ငန်းများတွင် ဆေးဝါးများသုံးစွဲခြင်း၊ ပဋိဇီ၀ဆေးဝါးများ လွဲမှားစွာ သုံးစွဲခြင်းကြောင့် ရရှိလာမည့် ဆိုးကျိုးများ၊ ပဋိဇီ၀ ဆေးဝါးယဉ်ပါးမှုအန္တရာယ်များ၊ ဖြစ်ပွားတတ်သည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကက်သလစ်ဘုရားကျောင်း ဘော်ဒါဆောင်မှ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဖုန်ကန်(ပူတာအို)