၁၃ သြဂုတ် 

ဟောင်ကောင်လေဆိပ်က ဒီကနေ့ (အင်္ဂါနေ့)မှာ ပြန်လည် လည်ပတ်နေပြီဖြစ်ပေမယ့် ရာချီတဲ့ လေယာဉ်တွေရဲ့ ခရီးစဉ်တွေဟာ ဖျက်သိမ်းထားဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က စတင်ခဲ့တဲ့ ဟောင်ကောင် လေဆိပ်အတွင်းက ဆန္ဒပြပွဲမှာ ထောင်ချီတဲ့ ဒီမိုကရေစီရရှိရေး လှုပ်ရှားသူများ ပါဝင်ခဲ့ကြောင်း သိရပါတယ်။ 

၁၉၉၇ ခုနှစ်က ဗြိတိန်နိုင်ငံက ဟောင်ကောင်ကို တရုတ်နိုင်ငံ လက်အောက်ကို ပြန်လည်လွဲပေး ပြီးနောက်ပိုင်း လူသိန်းချီပြီးပါဝင်တဲ့ ဟောင်ကောင် ဆန္ဒပြပွဲဟာ အခုဆိုရင် သီတင်းပတ် ၁၀ ပတ်အတွင်းကို ရောက်ရှိပါတယ်။ 

မြေအောက်ရထားဘူတာရုံအတွင်းမှာ ဆန္ဒပြတဲ့ အမျိုးသမီးတစ်ယောက်ဟာ မျက်ရည်ဗုံးကြောင့် မျက်လုံးတစ်ဖက်ဆုံးရှုံးခဲ့ရကြောင်း ဗီဒီယို ထွက်ပေါ်လာပြီးနောက် ရဲတွေရဲ့ အကြမ်းဖက်မှုကြောင့်လို့ ယူဆရပြီး ဆန္ဒပြသူတွေက ဒေါသတကြီး မျက်လုံးတစ်လုံးခြင်းဆိုတဲ့ ကြွေးကြော်သံတွေ တနင်္ဂနွေညပိုင်းက စတင် ကြွေးကြော်လာတာကို တွေ့ရပြီး ပဋိပက္ခတွေက ကြီးထွားလာပါတယ်။ 

ဟောင်ကောင်ဆန္ဒပြပွဲအတွင်းမှာ ရဲတွေနဲ့ ဆန္ဒပြသူတွေဟာ အကြမ်းဖက်မှုတွေကို ပိုပြီး လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ ရဲတွေဘက်က မျက်ရည်ယိုဗုံးတွေနဲ့ ရော်ဘာကျည်ဆံတွေကို အသုံးပြုပြီး နှိမ်နင်းလာသလို ဆန္ဒပြသူတွေကလည်း အုတ်ခဲတွေ၊ ပုလင်းတွေနဲ့ ပြန်လည်ပစ်ခတ်ကြပါတယ်။ 

ရဲတပ်ဖွဲ့ဝင်တွေကို ဓါတ်ဆီဗုံးနဲ့ ပစ်ခတ်ခဲ့တဲ့ ဆန္ဒပြသူတွေကို တရုတ်အစိုးရက အကြမ်းဖက်သမားတွေ ပြောဆိုပြီး ဟောင်ကောင်နယ်စပ် ရှန်ဆန်းဒေသဆီကို  လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ စစ်သားတွေကို တင်ဆောင်သွားတဲ့ ကားတွေ မောင်းသွားကြောင်း အစိုးရမီဒီယာမှာ ပြသွားပါတယ်။

အမေရိကန်သမ္မတ အစိုးရဲ့ ထိပ်တန်းအရာရှိတစ်ဦးက ဟောင်ကောင်မှာဖြစ်နေတဲ့ ပဋိပက္ခတွေမှာ အားလုံးက အကြမ်းမဖက်ကြဖို့ ၊ လူမှုအသိုင်းအသိုင်းမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ သဘောထားမှာ လွတ်လပ်နဲ့ ငြိမ်းချမ်းစွာ ဖော်ပြပိုင်ခွင့်ရှိတယ်လို့ ပြောဆိုပါတယ်။ 

MDN
ကိုးကား - AFP