ဇူလိုင်
ဟောင်ကောင်ပြည်သူများသည် အငြင်းပွားဖွယ် ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ပေကျင်းရှိ ကိုယ်စားလှယ်ရုံးတွင် အကြီးအကျယ် ဆန္ဒပြခဲ့ကြသည်။
တနင်္ဂနွေနေ့က လူပေါင်း ၄၃၀ဝ၀ဝ ချီတက်ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြပွဲစီစဉ်သူများက ပြောကြားခဲ့သည်။
ဟောင်ကောင်တွင် အပြစ်ဒဏ်ကျခံနေရသည့် တရားခံအား တရုတ်ပြည်မကြီးသို့ လွှဲပြောင်းခြင်း ဥပဒေကို ဆိုင်းငံ့မထားပဲ အပြည့်အဝ ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့အကြား မကြာသေးမီကာလက ဆန္ဒပြပွဲများအတွင်း အကြမ်းဖက်မှုများဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ဖိအားပေးဖယ်ရှားခဲ့မှုအပေါ် တရာဝင်စုံစမ်းမှုပြုလုပ်ပေးရန် လွတ်လပ်သည့်အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းပေးရန် တောင်းဆိုခဲ့သည်။
ချီတက်ဆန္ဒပြပွဲများပြီးနောက် တရုတ်ပြည်မကြီးကို ကိုယ်စားပြုထားသည့် ပေကျင်းရှိ ဆက်ဆံရေးရုံးများကို ဆန္ဒပြသူထောင်ပေါင်းများစွာက ဆန္ဒပြခဲ့ကြသည်။
နိုင်ငံတော်ကောင်စီ ဟောင်ကောင်နှင့် မကာအိုရေးရာရုံးက တရုတ်အစိုးရဖွဲ့စည်းပေးထာသည့် အဖွဲ့အစည်းဖြစ် သည်။ အဆိုပါရုံးက ဆန္ဒပြသူများ၏ လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး လုံးဝသည်းမခံကြောင်း ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံ၏ အထိမ်းအမှတ်ရုံး အဆောက်အဦကို ကြက်ဥများ၊ အမည်းရောင်မင်များဖြင့် ဆန္ဒပြသူများက ပစ်ပေါက်ခဲ့ကြသည်။
ဆန္ဒပြသူများအား လူစုခွဲရန်အတွက် ရဲများက မျက်ရည်ယိုဗုံးများနှင့် ရော်ဘာကျည်ဆံများဖြင့် ပစ်ခတ်ခဲ့သည်။
မြေအောက်ရထားဘူတာရုံတစ်ခုတွင် ရထားစီးနေသူများက ဆန္ဒပြသူများကို တန်ပြန်ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြသူများကြား ရုတ်ရုတ်သဲသဲဖြစ်မှုများကြောင့် လူပေါင်း ၃၆ဦး ဒဏ်ရာရရှိခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်