၁၃ ဇွန် 

ဟောင်ကောင် ပြစ်မှုဆိုင်ရာ သံသယရှိသူများကို တရုတ်ပြည်မကြီးသို့ လွှဲပြောင်းပေးပို့ ရေးဆိုင်ရာ ဥပဒေပြန်လည်ပြင်ဆင်ရေးကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး လူ ၇၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

 

h2

 

ဥပဒေကြမ်း ရုပ်သိမ်းပေးဖို့ တောင်းဆိုနေသော သောင်းချီရှိသည့် ဆန္ဒပြသမားများသည် ဥပဒေပြုလွှတ်တော်အဆောက်အအုံကို ဝိုင်းထားကြပြီး လမ်းများပေါ်တွင် နေရာယူထားကြသည်ဟု  ဖော်ပြထားသည်။

 

h3

 

ရဲတပ်ဖွဲ့က ဆန္ဒပြသူအချို့ နှင့် ဗုဒ္ဓဟူးနေ့ ည ၁၀ နာရီ က ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ယင်းဆန္ဒပြသူများအပေါ် မျက်ရည်ယိုဗုံး နှင့် ရာဘာကျည်များ အသုံးပြု၍ လူစုခွဲဖို့ ကြိုးစားခဲ့ရာ ၇၂ ဦး ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။

ဥပဒေပြုလွှတ်တော်အနီးရှိ လမ်းများပေါ်တွင် ဆန္ဒပြသူများ ပိတ်ဆို့ထားပြီးနောက် ဟောင်ကောင် ဥပဒေပြုအဖွဲ့ ၏ ထိုဥပဒေမူကြမ်း ဆွေးနွေးရေး နှောင့်နှေးခဲ့ရသည်။ ယင်းဥပဒေမူကြမ်း ဆွေးနွေးပွဲ  ကျင်းပရေး မရေမရာ ဖြစ်ခဲ့သည်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam က ဆန္ဒပြသူများကို ဥပဒေပြန်လည်ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး နားလည်သဘောပေါက်ဖို့ ကြိုးစား ရန် မေတ္တာရပ်ခံ ပြောကြားခဲ့သည်။

ကိုးကား - အန်အိတ်ချ်ကေ            
ဘာသာပြန် - မြင့်မြင့်ချို