ဆင်ဘို ၁၃ ဧပြီ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင် ရေး အတွက် PPE ဝတ်စုံ ဝတ်ဆင်နည်း သရုပ်ပြအသိပညာပေးခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် ဆင်ဘိုမြို့ ပြည်သူ့ဆေးရုံအတွင်း ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ဆေးရုံတာဝန်ခံဆရာဝန် ဒေါက်တာကျော်မင်းထူးက PPE ဝတ်စုံ ဝတ်ဆင်ပုံ ဝတ်ဆင်နည်း သရုပ်ပြ အသိပညာပေးခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး သူနာပြုဆရာမများမှ PPEဝတ်စုံ ဝတ်ဆင်နည်း အသေးစိတ် သရုပ်ပြဆောင်ရွက်ခဲ့သည်။
အဆိုပါ PPEဝတ်စုံ ဝတ်ဆင်ပုံ သရုပ်ပြ အသိပညာပေးခြင်းများတွင် အနီးဆုံးထိတွေ့ရမည့် ပြည်သူ့ဆေးရုံမှ ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီ တပ်ဖွဲ့များ၊ လူမှုကူညီရေးအသင်းဝင်များအား အသိပညာပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စိုးမိုးကျော်(ဆင်ဘိုပြန်/ဆက်)


