ဆင်ဘို ၂၈ စက်တင်ဘာ  


ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုဒေသ၌ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် (၂၄၀၀)စင်တီမီတာမှ (၂၄၁၁)အထက်သို့ (၁၁)စင်တီမီတာ မြင့်တက်လာခဲ့သဖြင့် ဆင်ဘိုမြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာတစ်ချို့ရှိ လူနေအိမ်များအတွင်း ရေဝင်ရောက်ခဲ့ရာ ယာယီကယ်ဆယ် ရွှေ့ပြောင်းထားရကြောင်း မြို့အုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။ 


ဧရာဝတီမြစ်ရေသည် ဆင်ဘိုဒေသ၌ စက်တင်ဘာ ၂၇ ရက်တွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ဆင်ဘိုမြို့ပေါ် ဧရာဦး၊ အောင်ချမ်းသာနှင့် အောင်မင်္ဂလာရပ်ကွက်များနှင့် မြင်သာ၊ ရေနားပင်လုံ၊ မံဖွား၊ တာဟိုးနားကျေးရွာများရှိ အနိမ့်ပိုင်းနေရာများမှ မြစ်ရေ (၄)ပေကျော် မြင့်တက်လာခဲ့မှုကြောင့် အိမ်ထောင်စု (၁၃၂)စု၊ လူဦးရေ (၄၅၆)ဦးတို့၏ နေအိမ်များအတွင်း ရေဝင်ရောက်ခဲ့ပြီး လတ်တလောအချိန်ထိ အိမ်ထောင်စု (၃၇)စု၊ လူဦးရေ (၁၇၂)ဦးတို့အား မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းကျော်နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုအရေးအသင်းအဖွဲ့များက ရေလွတ်ရာ အစိုးရဘော်ဒါဆောင်နှင့် နီးစပ်ရာ ဆွေမျိုးနေအိမ်များသို့ ကူညီကယ်ဆယ် ရွှေ့ပြောင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရကြောင်း သိရှိရသည်။ 


မျိုးမြင့်စိုး (ပြည်နယ် ပြန်/ဆက်)