မိုးညှင်း    ၂၇    စက်တင်ဘာ

 

ဒေသတွင်းစိုက်ပျိုးမှု အများဆုံးဖြစ်သည့်ဆင်းဧကရီ - စပါးမျိုးအား အမွှေးနံ့ပါဝင်သော ဗီဇထည့်သွင်း၍ မျိုးကူးစပ်သုတေသနပြုစမ်းသပ်စိုက်ပျိုးမှုကို မိုးညှင်းစိုက်ပျိုးရေးသုတေနခြံ တွင်စမ်းသပ်စိုက်ပျိုးထားကြောင်း သုတေနလက်ထောက် - ဒေါ်တင်တင်ချိုက စက်တင်ဘာ၂၆ ရက်နေ့တွင် အဆိုပါမျိုးကူးစပ်သပ်စိုက်ကွင်း  ၌ပြောကြားသည်။

 

 

မျိုးကူးစပ်သုတေသနပြုစိုက်ပျိုးမှုနှင့်ပတ်သက်၍ မိုးညှင်းစိုက်ပျိုးရေး သုတေသနခြံမှသုတေသန လက်ထောက် - ဒေါ်တင်တင်ချိုကဆင်းဧကရီ- စပါးမျိုး အမွှေးနံ့ရဖို့  အမွှေးနံ့ပါ တဲ့ ရွှေပြည်ဌေး၊ရွှေဘိုပေါ်ဆန်းရင်၊လုံးသွယ်မွှေးတို့နဲ့ ပေါင်းပြီးမျိုးစပ်ထုတ်လုပ်မှာဖြစ်တယ် ၊ဒီဒေသက လူတွေက ဆင်းဧကရီ-၃ကို စိုက်ပျိုးတာများတယ်၊ နောက်ပြီး စားရင်လည်းဒီမျိုးစပါး ဆန်ကိုပိုစားတဲ့အတွက် အမွှေးနံ့လေးထည့်ပြီး စမ်းသပ်စိုက်ပျိုးကြည့်တာဟုမျိုးစပ်ထုပ်လုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

 

အခုဆိုရင် ဒုတိယရာသီစိုက်ပျိုးထားတယ်၊ အပင်ကတော့မြင်တဲ့အတိုင်းပဲ စပါးအရောင်ရော၊ အပင်အမြင့်ရောကွာတယ်၊ရွှေဘိုပေါ်ဆန်းရင်နဲ့မျိုးစပ်တဲ့ဟာပဲအဆင်ပြေတယ်ဒီကထွက်တဲ့စပါးတွေကို ရုံးချုပ်သုတေသနဌာနကိုပို့ပြီး အနံ့ပါ မပါစစ်ဆေးမယ်၊ အဆင်ပြေလို့ရှိရင် ကျွန်မတို့ဆက် လက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်အဆင့်ဆင့်အတိုင်း  စပါးစိုက်ရာသီ (၁၀)ရာသီအထိ စမ်းသပ် စိုက်ပျိုးမယ်၊ နောက်ဆုံး စိုက်ပျိုးရာသီ (၁၁)ရာသီမှာ စိုက်ပျိုးရရှိမဲ့စပါးကို ရုံးချုပ်ကိုပို့ပြီး စမ်းသပ် စစ်ဆေးမှုတွေလုပ်မယ်၊အဆင်ပြေရင် ကျွန်မတို့ဒေသနဲ့ကိုက်ညီမှုရှိမရှိ ပြန်လည်စမ်းသပ်စိုက်ပျိုးပြီး ရရှိတဲ့စပါးကို မျိုးစေ့ဘဏ်သို့ပို့ဆောင်စစ်ဆေးစေမယ် ၊အဲဒီမှာအဆင်ပြေရင် မျိုးစေ့အသစ်အဖြစ် တောင်သူတွေလက်ထဲဖြန့်ဝေသွားမယ်ဟု ပြောကြားသည်။

 

မိုးညှင်းမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ မိုးစပါးစိုက်ပျိုးရာသီ ဩဂုတ်လကုန်အထိ ကောက်ယူ ရရှိသည့် စာရင်းဇယားများအရ မိုးစပါးစိုက်ဧကပေါင်း ၉၁၀၉၆စိုက်ပျိုးထားရှိရာ ဆင်းဧကရီ- စပါးမျိုးစိုက်ပျိုးသည့် စိုက်ဧကပေါင်း ၈၇၈၉၄ဧကစိုက်ပျိုးထားရှိကြောင်း ခရိုင်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ကောက်ယူထားသည့်စာရင်း ဇယားများအရသိရသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)