မြို့သစ်  ၂၀ ဇန်နဝါရီ  

 

မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျန်းမာရေးဦးစီးဌာန၏ ဆင်ခြေထောက်ရာဂါ ကင်းဝေးရေး သန်ချဆေးပေါင်းတိုက်ကျွေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၉)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းမှ အမှာစကား ပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မြင့်က ဆင်ခြေထောက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေး ဗဟုသုတများအား  ရှင်းလင်းပြောကြားသည်။

 

588

 

ယင်းနောက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များအား ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။ သန်ချဆေးပေါင်းတိုက်ကျွေးခြင်းကို ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး တစ်မြို့နယ်လုံး ကွင်းဆောင်ရွက် တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇော်ဇော်(မြို့သစ်)