mdn

သတင်းဆောင်းပါး - ဒေါက်တာနေရည်ရည်လင်း ဒုတိယညွှန်ကြားရေးမှူး

ဆင်ခြေထောက်ရောဂါသည် လတ်တလောသေစေနိုင်သော ရောဂါမဟုတ်သော်လည်း ခြေလက်အင်္ဂါပုံသ္ဌာန် ပျက်ယွင်းခြင်းကြောင့် လူမှုရေး၊ စီးပွား ရေး ထိခိုက်နစ်နာဆုံးရှုံးမှုရှိသော ရောဂါတစ်ခုဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့မှ  သတ်မှတ်ထားသော   အပူပိုင်းဒေသတွင် (Neglected Tropical Diseases)  အမေ့ခံ၊ အပစ်ပယ်ခံရောဂါ ၁၇ ခုအနက် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် လူဦးရေ သန်းပေါင်း ၈၅၆  သန်းသည်  ဆင်ခြေထောက်ရောဂါကူးစက်နိုင်သည့်  အန္တရာယ်ရှိသော နိုင်ငံပေါင်း ၅၂ နိုင်ငံတွင် နေထိုင်လျက်ရှိပြီး ယင်းတို့အနက် လူဦးရေ သန်း  ၁၂၀  ၌  ဆင်ခြေထောက်ရောဂါ  ကူးစက်မှုရှိနေပါသည်။  လူဦးရေ သန်း ၄၀ ကျော်မှာ ဆင်ခြေထောက်ရောဂါလက္ခဏာတစ်ခုခုကို   ခံစားနေ ကြရကာ သန်း ၇၀ ကျော်မှာ    ရောဂါလက္ခဏာမပြဘဲ  ရောဂါငုပ်နေသည့်အခြေအနေတွင် ရှိပါသည်။  အရှေ့တောင်အာရှ  ဒေသဆိုင်ရာ   နိုင်ငံ  ၁၁  နိုင်ငံအနက်  မြန်မာနိုင်ငံအပါအဝင် ခုနစ်နိုင်ငံသည်  ဆင်ခြေထောက် ရောဂါအမြစ်တွယ်မှုရှိပြီး  ပြည်သူလူထုအတွင်း      ကျန်းမာရေးပြဿနာ တစ်ရပ်အဖြစ် သတ်မှတ်ထား ရှိပါသည်။

ပြုစုစောင့်ရှောက်မှုပေး 

ထို့ကြောင့် ၁၉၉၇ ခုနှစ် က္ဘာ့ကျန်းမာရေးအဖွဲ့ ကြီး၏ အကြိမ်(၅၀) မြောက်ညီလာခံမှ  ဆုံးဖြတ်ချက် ၅၀ ဒသမ ၂၉ အရ    “ ၂၀၂၀ ပြည့်နှစ်တွင်ဆင်ခြေထောက်ရောဂါကင်းဝေးရေး” ရည်မှန်းချက်ကို     မြန်မာနိုင်ငံအပါ အဝင် ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှုရှိသော နိုင်ငံများတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြပါသည်။ နည်းဗျူဟာနှစ်ရပ်ချမှတ်ထားရှိပြီး  “ဆင်ခြေထောက်ရောဂါအမြစ်တွယ်မှုရှိသော  ဒေသ  များတွင်      လူအားလုံးဆေးကျွေးခြင်းလုပ်ငန်း     (Mass DrugAdministration) နှင့်      “ဆင်ခြေထောက်ရောဂါ ဝေဒနာ ခံစားနေရသူများအား ကုသမှုပေးခြင်း၊ ပြည်သူလူထုအခြေပြုမိသားစုအတွင်း  ပြုစုစောင့်ရှောက်မှု ပေးခြင်းလုပ်ငန်းဆောင်ရွက်ရန်”  တို့ဖြစ်ပါ သည်။

မြန်မာနိုင်ငံတွင် ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှုရှိသော ခရိုင်ပေါင်း  ၄၅  ခရိုင်တွင်  လူအားလုံး ဆေးတိုက်ကျွေးခြင်းကို  တစ်နှစ်လျှင်တစ်ကြိမ်  အနည်းဆုံး  ငါးနှစ်ဆက်တိုက် တိုက်ကျွေးခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် စုစုပေါင်းအမြစ်တွယ်သည့်     ၄၅ ခရိုင်တွင်   ၁၀ ခရိုင် (၂၂ ရာ ခိုင်နှုန်း)၌ ဆေးတိုက်ကျွေးခြင်းကို အောင်မြင်စွာရပ်ဆိုင်းနိုင်ခဲ့ပြီဖြစ်ပါ သည်။  ၂၀၁၈  ခုနှစ်  ဇန်နဝါရီလ  ၂၂  ရက်နေ့မှ    ၃၁    ရက်နေ့အတွင်း    ခရိုင်ပေါင်း ၃၃ ခရိုင်၊ မြို့နယ်ပေါင်း ၁၉၂ မြို့နယ်မှာ    လူဦးရေ   ၃၂ သန်းခန့်တိုက်ကျွေးနိုင်ခဲ့ပြီး သန်ချ ဆေးပေါင်းတိုက်ကျွေးခြင်းလုပ်ငန်း လွှမ်းခြုံခဲ့သော ရာ ခိုင်နှုန်းမှာ  ၂၀၁၇  ခုနှစ်တွင်  ၈၇  ရာခိုင်နှုန်း သာရှိခဲ့သော်လည်း  ၂၀၁၈  ခုနှစ်တွင် ၉၃ ရာခိုင်နှုန်း သို့ မြင့်တက်ခဲ့ပါသည်။

အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက် 

ယခုနှစ်တွင်   လူအားလုံးဆေးကျွေးခြင်းလုပ်ငန်းကို ဆင်ခြေထောက်ရောဂါကူးစက်မှုမရှိသည့် မြို့နယ်များ၊ ကူးစက်မှုကင်းစင်သွားသည့် မြို့နယ်များတွင် သန်ချဆေးပေါင်းတိုက်ကျွေးရန် မလိုအပ်ပါ။ ဆင်ခြေထောက် ရောဂါပိုး ကူးစက်မှုရှိနေသေးသည့် တိုင်းဒေသကြီးနှင့်    ပြည်နယ်    ၁၂  ခုရှိ   မြို့နယ်၂၀ဝ တွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှ  ၃၁ ရက်နေ့အထိ (စုစုပေါင်း ၁၀ ရက်အတွင်း) တစ်ပြိုင်နက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 

တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊  မန္တလေး တိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီး၊  ပဲခူးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊      မွန်ပြည်နယ်၊   ချင်းပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် တို့ ဖြစ်ပါသည်။

ထိထိရောက်ရောက်ဆောင်ရွက် 

အားလုံးဆေးကျွေးခြင်းလုပ်ငန်းအတွက် ကျပ်ကျပ်သန်းပေါင်း ၅၄၃ ဒသမ ၈ သန်းတန်ဖိုးရှိသော  DEC ဆေးပြားများနှင့်ကျပ် ကျပ်သန်းပေါင်း ၇၃၉ ဒသမ ၅ သန်းတန်ဖိုးရှိသော Albendazole ဆေးပြားများကို Eisai နှင့် Glaxo SmithKline ဆေးကုမ္ပဏီများမှ  ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အစီအစဉ်ဖြင့်လှူဒါန်းထားပါသည်။  ဆေးများဖြန့်ဝေခြင်း၊  လုပ်ငန်းလမ်းညွှန်စာအုပ်များ ရိုက်နှိပ်ဖြန့်ဝေခြင်းနှင့်    အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်သွားရန်အတွက်နိုင်ငံတော်ဘတ်ဂျက်မှကျပ် ကျပ်သန်းပေါင်း ၇၃၃ သန်းကို ကျခံသုံးစွဲမည်ဖြစ်ပါသည်။


ယခုနှစ် လူအားလုံးဆေးကျွေးခြင်းလုပ်ငန်းကို မြို့နယ်အလိုက် စီမံချက်များရေးဆွဲပြီး  လူဦးရေစာရင်း ကောက်ယူခြင်း၊  လိုအပ်သောဆေးဝါးများကိုမှာယူခြင်း၊ ဆေးများကို မြို့နယ်များသို့ ဖြန့်ဝေခြင်း၊     ကျန်းမာရေးပညာပေး လက်ကမ်းစာစောင်များ၊            ဆေးတိုက်လမ်းညွှန်များကို    ဖြန့်ဝေခြင်း၊  ဆေးတိုက် ရာတွင်    ပါဝင်မည့်ဆေးတိုက်အဖွဲ့ဝင်များကို    စေတနာ့ဝန်ထမ်းဆောင်ရွက်မည့်    ပြည်သူလူထုတို့ဖြင့်  ကြိုတင်၍ဖွဲ့စည်းထားပြီး  အိမ်တိုင်ရာရောက် ဆေးတိုက်ကျွေးခြင်းကို ထိထိရောက်ရောက် ဆောင်ရွက်နိုင် စေရန်သင်တန်းများ ပို့ချလျက်ရှိပါသည်။

တစ်တပ်တစ်အား ပူးပေါင်းပါဝင်

သက်ဆိုင်ရာ   တိုင်းဒေသကြီး၊  ပြည်နယ်ရှိ   မြို့နယ်များမှ  အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ  အမျိုးသမီးရေးရာအဖွဲ့ချုပ်၊      မြန်မာနိုင်ငံ  ကြက်ခြေနီ အသင်းတို့မှတာဝန်ရှိသူများနှင့်  လူမှုရေးအဖွဲ့ဝင်များ၊  ရပ်ကွက်၊  ကျေးရွာမှ လူမှုရေး လုပ်ငန်းစိတ်ဝင်စား သူများက ပြည်သူလူထုအတွင်း ဆေးတိုက်ကျွေးရာတွင်သက်ဆိုင်ရာ   တိုင်းဒေသကြီး၊  ပြည်နယ်အစိုးရ အဖွဲ့များ၏    ဦးဆောင်မှု၊ ကျန်းမာရေးဦးစီးဌာနများ၏ ညှိနှိုင်းမှုဖြင့် ပူးပေါင်းပါဝင်၍ ကူညီဆောင်ရွက် ကြမည်ဖြစ်ပါသည်။

mdn

မြန်မာနိုင်ငံအတွင်း     ဆင်ခြေထောက်ရောဂါကင်းဝေးရန်အတွက်ဆေးသောက်ရမည့် ဦးတည်အုပ်စုတွင် ပါဝင်သူများအားလုံး ၂၀၁၉ ခုနှစ်ဇန်နဝါရီလ ၂၂ ရက်နေ့မှ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ အထက်ဖော်ပြပါ အစီအစဉ်အတိုင်း   “လူအားလုံး ဆေးတိုက်ကျွေးခြင်း”ကို    ဆောင်ရွက်တော့မည်ဖြစ်ပါသဖြင့်  ပြည်သူလူထု အားလုံး  ယုံယုံကြည်ကြည်နှင့်  အမှန်တကယ်သောက်သုံးနိုင်ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက်  သက်ဆိုင်ရာ  အဆင့်အသီးသီး၌   တာဝန်ထမ်းဆောင်လျက်ရှိကြသော အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ နှီးနွှယ် ဆက်စပ်နေသော ဦးစီးဌာနများနှင့် လူမှုရေးအဖွဲ့အစည်းများသည် တစ်တပ်တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်း အပ်ပါသည် -

mdn