နေပြည်တော် ၂၇ ဖေဖော်ဝါရီ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် ဆင်းကတ်များ စနစ်တကျမှတ်ပုံတင်ရေး ဆောင်ရွက်လျက်ရာ သုံးစွဲသူများအနေဖြင့် မိမိတို့ အသုံးပြုလျက်ရှိသည့် ဆင်းကတ်များ မှတ်ပုံတင်ထားရှိမှုကို ပြန်လည်စစ်ဆေးနိုင်မည့် နည်းလမ်းများကို အများပြည်သူသိရှိနိုင်ရန် ဆောင်ရွက်ထားကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါ ဆင်းကတ်စစ်ဆေးနိုင်မည့် နည်းလမ်းများကို သိရှိနိုင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဝဘ်ဆိုက်ဖြစ်သည့် www.motc.gov.mm နှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ Facebook စာမျက်နှာတို့တွင် အော်ပရေတာများ၏ Application များ၊ Channel များ၊ USSD Code, SMS Code, Call Centre ဖုန်းနံပါတ်များကို ဖော်ပြပေးထားကြောင်း၊ ထို့ပြင် ဆင်းကတ်သုံးစွဲသူ ပြည်သူများအနေဖြင့် ဆင်းကတ်များ မှတ်ပုံတင်ထားရှိမှုကို သက်ဆိုင်ရာ အော်ပရေတာများ၏ အရောင်းဆိုင်များတွင်လည်း ပြန်လည်စစ်ဆေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်


