ဆင်နယ်ကို အနိုင်ယူပြီး စပါးအသင်း ကာရာဘောင်းဖလား ဆီးမီးဖိုင်နယ် တက်ရောက်

၂၀ ဒီဇင်ဘာ
 
ကာရာဘောင်းဖလား ကွာတားဖိုင်နယ် ဒုတိယနေ့ ပွဲစဉ်များကို ကြာသပတေးနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး အာဆင်နယ်အသင်းနှင့် စပါးအသင်းတို့၏ ပွဲစဉ်တွင် စပါးအသင်း အာဆင်နယ်အသင်းကို အဝေးကွင်းမှာ နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့သည်။ 
 
အာဆင်နယ် နှင့် စပါး တို့မှာ ပရီမီယာလိဂ်မှာလည်း ထိပ်တိုက်တွေ့ဆုံခဲ့ပြီး စပါး က အာဆင်နယ်ကို လေးဂိုး နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ဖူးသည်။ ယခုပွဲစဉ်မှာ စပါးအသင်းသည် အာဆင်နယ်အသင်းကို အကောင်းဆုံးပုံစံဖြင့် ခြေစွမ်းပြကစားကာ ပရီမီယာလိဂ်ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့သည်။ စပါးအသင်း အတွက် သွင်းဂိုးများကို ပထမပိုင်း ပွဲချိန် ၂၀ မိနစ်တွင် ဆွန်ဟောမင်၊ ပွဲချိန် ၅၉ မိနစ်တွင် အယ်လီ တို့က သွင်းယူခဲ့ကြသည်။
 
အခြားပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနှင့် ဘုန်းမောက်အသင်းတို့၏ ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းက တစ်ဂိုး ဂိုးမရှိဖြင့်  အနိုင်ရရှိခဲ့သည်။ ချယ်လ်ဆီးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၈၄ မိနစ်တွင် ဟာဇက်က သွင်းယူပေးခဲ့သည်။ 
 
ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် စပါးနှင့် ချယ်လ်ဆီး၊ မန်စီးတီးနှင့် ဘာတန်အသင်းတို့ တွေ့ဆုံခဲ့ကြပြီး ဇန်နဝါရီလ ၇ ရက်နှင့် ၂၁ ရက်များတွင် နှစ်ကျော့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
 
MDN