ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးသည် ယာဉ်ရပ်နားစခန်း မြေညှိခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မြေပြုပြင်နေမှု အခြေအနေအား ဒီဇင်ဘာ ၃ ရက်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်း ၈ လိုင်းက မော်တော်ယာဉ် အစီး ၂၀ ဖြင့် ရန်ကုန်၊ မန္တလေး၊ မကွေး၊ တောင်တွင်းကြီး၊ အောင်လံမြို့များသို့ ပို့ဆောင်ပေးလျက်ရှိရာ ယခင်က ယာဉ်ရပ်နားစခန်းမရှိသဖြင့် မော်တော်ယာဉ်များ စနစ်တကျရပ်နားရန် အခက်အခဲရှိခဲ့ပြီး ယခု ယာဉ်ရပ်နားစခန်း အကောင်အထည်ဖော်ပြီးစီးပါက ခရီးသည်များ အဆင်ပြေစွာ သွားလာနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
ချိုချိုဝင်း(ဆင်ပေါင်ဝဲ)


