ဆင်ပေါင်ဝဲ နိုဝင်ဘာ ၉

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ပြည်သူ့‌ဆေးရုံဝန်းအတွင်းတွင် ထားရှိသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝယ်ယူထောက်ပံ့ပေးသော အောက်ဆီဂျင်(Oxygen Plant)စက် လည်ပတ်နိုင်မှုအား ယနေ့ နံနက်ပိုင်းအချိန်က  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁)ဗိုလ်မှူးမျိုးဇော်ဟိန်း၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီနှင့် ဌာနဆိုင်ရာများမှ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ အောက်ဆီဂျင်(Oxygen Plant)စက်သည် တစ်နေ့လျှင် ၄၀ လီတာအိုကြီး အလုံး(၁၀၀) ခန့် ထုတ်လုပ်နိုင် မည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျပ်သိန်း(၁၁၂၀)ကျပ်ဖြင့် ဆင်ပေါင်ဝဲမြို့နယ်အတွက် ဝယ်ယူထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

 

နိုင်လင်း(မြို့နယ်ပြန်/ဆက်)