mdn

 

ဆင်ပေါင်ဝဲ          သြဂုတ် ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားဝန်ထမ်း များ အား  သြဂုတ် ၂၃ ရက် နံနက်ပိုင်းတွင် အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ပင်စင်လစာငွေများ ထုတ်ပေးရာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီဘဏ်အတွင်းသို့ ဝင်ရောက်ရာတွင် နှာခေါင်း စည်း (Mask)ကိုစနစ်တကျ တပ်ဆင်စေခြင်း၊ လက်ကို ဆေးကြောစေခြင်းများ ဆောင်ရွက်စေ ပြီး  ပင်စင်လစာငွေများ ထုတ်ပေးရာတွင်လည်း  အလှည့်ကျစနစ်ဖြင့် ထုတ်ပေး လျက်ရှိသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် ပင်စင်စားဝန်ထမ်း(၇၄၇)ဦးရှိပြီး  သြဂုတ်၂၃ရက်နေ့မှ စတင်၍ နေ့စဉ် နံနက် (၇)နာရီခွဲမှ မွန်းလွဲ(၂)နာရီထိ ပင်စင်လစာ ငွေများထုတ်ပေးသွားမည်ဖြစ်သည်။ 
သတ်မှတ်ရက်များတွင် လာရောက် ထုတ်ယူခြင်းမရှိသော ပင်စင်စားဝန်ထမ်းများအား စက်တင်
ဘာလဆန်း တွင်ဘဏ်လုပ်ငန်း အချိန်အတွင်း၌ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။   
 
 ချိုချိုဝင်း (ဆင်ပေါင်ဝဲ)