ဆင်ပေါင်ဝဲ အောက်တိုဘာ ၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ စေတနာ့ဝန်ထမ်း လူမူကူညီရေးအသင်းအဖွဲ့များ တွေ့ဆုံပွဲနှင့် အထောက်အကူပြု ပစ္စည်းများပေးအပ်ပွဲကို အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးက ကိုဗစ်-၁၉ တိုက်ဖျက်ရေးလုပ်ငန်းတွင် ပူးပေါင်းပါဝင်ခဲ့သည့်အသင်းများအား ကျေးဇူးတင်စကားပြောကြားပြီး စေတနာ့ဝန်ထမ်းအသင်း ၁၂ သင်းအား ကိုဗစ်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ချိုချိုဝင်း