ဆင်ပေါင်ဝဲ ၁၈ ဇွန်
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် ၊ ဆင်ပေါင်ဝဲမြို့နယ် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပို့ဆောင် ဆက်သွယ်ရေးနှင့်တိုင်း၊ခရိုင် ၊မြို့နယ်သွားလာရန်ခက်ခဲသည့် မြို့နယ်များအတွက် မြန်မာ့စာတိုက် လုပ်ငန်းများမှ အများဆုံး ပို့ဆောင်ဆက်သွယ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့စာတိုက်လုပ်ငန်းက ကိုဗစ်-၁၉ ရောဂါကာလအတွင်း နေ့စဉ်ချော ပစ္စည်းများ ရပ်ဆိုင်းခြင်း မရှိစေရေးအတွက် ဌာနမှ စီစဉ်ပေးထားသော ချောကားများဖြင့် ပြေးဆွဲ ဆောင်ရွက် ပေးလျက်ရှိရာမြန်မာ့စာတိုက် လုပ်ငန်းက ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများ အပြင် လုပ်ငန်းသစ်များဖြစ်သော OK ငွေလွှဲခြင်း ၊ ဖုန်းဘေဖြည့်ခြင်း ၊ Top up ဖုန်းဘေဖြည့်ခြင်း ၊ Online ဖြင့် ပေးပို့သော ပစ္စည်းများလက်ခံခြင်း ၊ ပေးဝေခြင်း ၊ အမြန်ငွေပို့လွှာလက်ခံခြင်း ၊ ပေးပို့ခြင်း လုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဝန်ဆောင်မှုပေးနေပြီး ပြည်နယ်နှင့်တိုင်းဒေသရှိ မြို့နယ် အသီးသီးသို့ လျင်လျင်မြန်မြန် ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ခန့်ဝင်း(ပြန်/ဆက်)


