ဆင်ပေါင်ဝဲ ၂၃ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကိုဗစ်၁၉ရောဂါ ထိန်းချုပ်ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ပင်စင်စားများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ Social Distancing နှင့်အညီ ယနေ့နံနက် ၈ နာရီမှစတင်၍ ပင်စင်လစာများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ တိကျစွာလိုက်နာကြရန် စည်းကမ်းချက်များ ကပ်ထားကြေညာခြင်း၊ လက်ဆေးဘေစင်နှင့်ဆပ်ပြာများ ထားရှိပေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာတွင် နေထိုင်နိုင်ရန် စီစဉ်ထားရှိပေးပြီး ထုတ်ပေးလျက်ရှိသည်။ ဆင်ပေါင်ဝဲမြို့နယ်တွင် မြို့ပြပင်စင်စား ၄၇၀၊ ကာကွယ်ရေးပင်စင်စား(၁၃၉)ဦး၊ နိုင်ငံရေးပင်စင်စား(၉၉)ဦးနှင့် မြန်မာ့စီးပွားရေးဘဏ်ပင်စင်စား(၁၂)ဦးရှိကြောင်း မြို့နယ်မန်နေဂျာ ဒေါ်နှင်းနှင်းလှိုင်ထံမှ သိရသည်။
အိဖြူဖြူမောင်(ပြန်/ဆက်)


