ဆင်ပေါင်ဝဲ ၁၆ ဇွန်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စည်ပင်လှကျေးရွာတွင် မြေအောက်ရေသွင်းခြင်းဖြင့် ငရုတ်စိုက်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
စည်ပင်လှကျေးရွာမှ ကျေးရွာသား/သူများအား မိရိုးဖလာတောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတာဖြစ်ပြီး ယခုအခါတွင် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သည့် မြေအောက်ရေသွင်း ငရုတ်စိုက်လုပ်ငန်းကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြည့်ရာ အောင်မြင်ဖြစ်ထွန်းလာခြင်း ဖြစ်ကြောင်း ငရုတ်စိုက်သူတောင်သူတစ်ဦးက ပြောသည်။
" ငရုတ်စိုက်ပျိုးမည်ဆိုပါက တပေါင်း/တန်ခူးလများတွင် တစ်ပင်နှင့်တစ်ပင် သုံးပေခွာ၍ သုံးလအကြာမှာ စတင်ခူးဆွတ်ရောင်းရခြင်း၊ ငါးရက်ကြာတစ်ခါခူးဆွတ်၍ တစ်ပိဿာကို ကျပ် ၁၅၀၀ ဖြင့်ရောင်းရပြီး၊ စိုက်ခင်းထဲအရောက် ဖောက်သည်များ လာရောက်ဝယ်ယူကြကြောင်း " တောင်သူတစ်ဦးထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)


