ဆင်ပေါင်ဝဲ မေ ၂၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မကြီးစမ်းကျေးရွာရှိ ပြည်သူများထံ ယနေ့ နံနက် ၉ နာရီက သောက်သုံးရေဂါလန် (၈၀၀၀)အား ကျေးရွာအရောက် သွားရောက်ပြီး ဖြန့်ဝေလှူဒါန်းသည်။
ထိုသို့လှူဒါန်းရာတွင် ရန်ကုန်မြို့ ဦးစိုးပိုင်+ဒေါ်ခင်မြတ်ဆွေ သမီး ရွှေရည်ရွှန်းမြတ် သား မောင်ခန့်ပိုင်စိုးပိုင် ကုမ္ပဏီလီမိတက် PAING FAMILY. INTERNATIONAL Co., Ltd မှ မကြီးစမ်းကျေးရွာရှိ ပြည်သူများထံ သောက်သုံးရေဂါလန် (၈၀၀၀)အား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)