ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၃၀
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆင်ပေါင်ဝဲမြို့နယ်၊ ညံတောအင်းကျေးရွာ စိုက်ပျိုးရေရရှိရေး မြစ်ရေတင်စီမံကိန်း ရှင်းလင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းက တက်ရောက်၍ ဆည်မြောင်းနှင့် ရေအသုံချမှု စီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်) တိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်ဦးက စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က “စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးဟာ နိုင်ငံ၏ ကြောရိုးသဖွယ် အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်သလို ညံတောအင်းကျေးရွာမှ တောင်သူများ စိုက်ပျိုးရေးတွင် အဆင်ပြေစေရန် ယခု မြစ်ရေတင်စီမံကိန်းကို ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ မြစ်ရေတင်စီမံကိန်း ပြီးစီးသွားပါက ရွာသူ၊ ရွာသားအားလုံး ဝိုင်းဝန်းစောင့်ရှောက် သွားကြရမှာ ဖြစ်ကြောင်း” ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသော တောင်သူများက လိုအပ်ချက်များ တင်ပြကြရာ တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းကြပြီး တင်ပြချက်များအပေါ် ဝန်ကြီးချုပ်က ပေါင်းစပ်ဖြည့်ဆည်းပေးပြီး Mask၊ RDT Test Kit၊ Hand Gel များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်ဆရာဝန်ကြီးတို့ထံ ထောက်ပံ့ပေးအပ်ပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ချိုချိုဝင်း(ပြန်ဆက်)