ဆင်ပေါင်ဝဲ ၂၂   ဖေဖော်ဝါရီ  

 

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ဖြင့် ကျေးရွာ ၁၀ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိထံမ သိရသည်။

 

received_3810

 

ဆင်ပေါင်ဝဲမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာတစ်ရွာလျှင် ပံ့ပိုးရန်ပုံငွေကျပ်သိန်း(၁၀ဝ)၊ ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာ (၁၀)ရွာ၌ ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းခြောက်ခု၊ ကျေးရွာတွင်းမြေနီကျောက်စရစ် ခင်းခြင်းလုပ်ငန်းတစ်ခု၊ ကျေးရွာတွင်းကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်းတစ်ခု၊  အိမ်တိုင်ရာရောက်ရေပေးရေး လုပ်ငန်းတစ်ခု၊ ၄၀ဝ ဗို့ဓာတ်အားလိုင်းသွယ်တန်းခြင်းလုပ်ငန်းတစ်ခုကို   အကောင်အထည်ဖော်ဆောင်ရွက်သွားမည်  ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးက ပြောသည်။

 

ဆင်ပေါင်ဝဲမြို့နယ်အတွင်း ၂၀၁၈ခုနှစ် မီနီဘတ်ဂျက်ကတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ဖြင့် ကျေးရွာ(၃)ရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှစ်ခု၊ အမြင့်(၂၀)ပေရှိ ဂါလန် (၂၄၀ဝ)ဆံ့စင်မြင့်ရေစင် ရေပိုက်လိုင်း ၇၄၀ဝ ပေ သွယ်တန်းခြင်းလုပ်ငန်းတစ်ခုကို နိုင်ငံတော်ပံ့ပိုးရန်ပုံငွေကျပ်(၃၀ဝ)သိန်း၊ ပြည်သူ ထည့်ဝင်ငွေကျပ်(၁၇၆)သိန်း စုစုပေါင်းငွေကျပ်(၄၇၆)သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ 


 
 
Source -  ငြိမ်းသူ(စလင်း)

 

received_13428