ဆင်ပေါင်ဝဲ            ဇူလိုင်                 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒုတိယ () လပတ်အတွက် သက် (၈၅) နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီက မြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များက အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၄၉)အုပ်စုမှ အသက်(၈၅) နှစ်အထက် (ဇန်နဝါရီ၊ ဖေဖော်ဝါ ရီ၊ မတ်) လများအတွက် ဘိုးဘွားတစ်ဦးလျှင် (၃၀၀၀၀)နှုန်းဖြင့် ဘိုးဘွားစုစုပေါင်း (၇၃၆)    ဦးအတွက် ထောက်ပံ့ငွေ (၂၂၀၈၀၀၀၀)ကျပ် (သိန်းနှစ်ရာနှစ်ဆယ်ရှစ်သောင်း)အား ရပ်ကျေးအုပ်ချုပ်ရေး မှူးများထံသို့ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့သည်။

ထောက်ပံ့ငွေများကို ရပ်ကျေးအုပ်ချုပ်ရေးမှူး များမှတစ်ဆင့် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေး သွားမည်ဖြစ် ကြောင်း သိရသည်။

  1. ချိုချိုဝင်း