ဆင်ပေါင်ဝဲ စက်တင်ဘာ ၁၃

 

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ မြို့နယ်/တိုက်နယ် ပြည်သူ့ဆေးရုံများ၌ ဆေးကုသခံယူရပါက လူနာအမျိုးအစား (၅)မျိုးအား အခမဲ့ဆေးကုသပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီထံမှ သိရှိရသည်။

 

ဆင်ပေါင်ဝဲမြို့နယ်တွင် စက်တင်ဘာလဆန်းမှစ၍ ဆောင်ရွက်ပေးနေပြီး လူနာအမျိုးအစား (၅)မျိုးမှာ အရေးပေါ်ရောက်ရှိလာသော လူနာအားလုံး၏ ပထမဆုံးရောက်ရှိသည့်ရက်၊ ဆင်းရဲနွမ်းပါးသူများအားလုံး၊ အသက် (၈၀)နှင့်အထက် သက်ကြီးဘိုးဘွားများအားလုံး၊ အသက် (၆၀/၆၂)နှစ် လုပ်သက်ပြည့်လုပ်ပြီး ပင်စင်စား နိုင်ငံ့ဝန်ထမ်းများအားလုံးနှင့် လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသော ပြည်သူ့ဝန်ထမ်း/ နိုင်ငံ့ဝန်ထမ်းများ (နေ့စားဝန်ထမ်းမပါ) အားလုံး ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခန့်ဝင်း(ဆင်ပေါင်ဝဲ)