ဆင်ပေါင်ဝဲ ဇွန် ၇

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကြီးမှူး၍ ဇွန် ၆ ရက်က မွှန်းညောင်ပင်သာကျေးရွာတွင် တစ်အိမ်ထောင်လျှင် ကျွန်း(၃)ပင်၊ သစ်မာ(၂၀)ပင်၊ ပြည်သူဗဟိုပြု စိုက်ခင်းတွင် ကျွန်း (၁၀၀၀)ပင်နှင့် တစ်ရွာနှစ်ဧက စိုက်ခင်းများ၌ ကျွန်းပင်များကို ပြည်သူများမှ တပျော်တပါး စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။

 

ထိုသို့စိုက်ပျိုးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ သစ်တောဦးစီးဌာန ဦးစီးမှူး ဦးသက်ဝေအောင်၊ အပူပိုင်းဒေသ စိမ်းလမ်းစိုပြည်ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ဇော်လတ်တို့မှ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

 

ထို့နောက် တစ်အိမ်ထောင်လျှင် ကျွန်း(၃)ပင်၊ သစ်မာ(၂၀)ပင်၊ ပြည်သူဗဟိုပြုစိုက်ခင်းတွင် ကျွန်း(၁၀၀၀)ပင်နှင့် တစ်ရွာနှစ်ဧကစိုက်ခင်း အချက်အလက်နှင့် မှတ်တမ်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေးအပ်ခဲ့ရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

 

နိုင်လင်း(ပြန်/ဆက်)