ဆင်ပေါင်ဝဲ မေ ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆင်ပေါင်ဝဲမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု နှစ်အုပ်စုမှ လေဘေးသင့်အိမ်ထောင်စုများအား မေ ၇ ရက် နံနက်ပိုင်းက ကယ်ဆယ်ရေးရန်ပုံငွေများအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် ဆင်ပေါင်ဝဲမြို့နယ်၊ လက်ပံငူကျေးရွာတွင် အမိုးလန် ၁၂ အိမ်အတွက် တန်ဖိုးငွေကျပ် ၅၈၁၃၀၀၊ လက်ပံ ကျေးရွာတွင် ပြိုကျ သုံးအိမ်၊ အမိုးလန် ၄၂ အိမ်၊ အမိုးလန် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ ပြိုကျသီလရှင်ကျောင်း တစ်ကျောင်းတို့အတွက် တန်ဖိုးငွေကျပ် ၃၆၇၁၆၀၀ စုစုပေါင်းပံ့ပိုးငွေကျပ် ၄၂၅၂၉၀၀ တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမြင့်လွင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးမှူး ဦးအောင်မျိုးထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းဌေးအောင် တို့က လေဘေးသင့်အိမ်ထောင်စုများ လယ်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(ပြန်/ဆက်)