မကွေး ၂၂ ဧပြီ

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ဧပြီ ၂၁ ရက် ညနေ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ ကျေးရွာအုပ်စု အုပ်စုမှ ကျေးရွာပေါင်း ၁၂ ရွာတွင် လူနေအိမ် ၁၈၆ လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု ၁၈၆ စု လေဘေးသင့်ခဲ့ကြောင်း သိရသည်။

 

အဆိုပါကျေးရွာများသို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဆင်ပေါင်ဝဲမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပျက်စီး လူနေအိမ် ၁၈၆ လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး ကျပ် ၆၅၂၀၀၀၀ ကို ဧပြီ ၂၁ ရက်က လေဘေးသင့်ကျေးရွာများသို့ သွားရောက်၍ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အလားတူ ဧပြီ ၂၁ ရက်က ပွင့်ဖြူမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၂၂)လုံး အမိုးလန် ပျက်စီးခဲ့မှုအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး ကျပ် ၆၆၀၀၀၀ ကို ပွင့်ဖြူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဧပြီ ၂၂ ရက်တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)