ဆင်ပေါင်ဝဲ၊  ၁၄   ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများက Service Box များ တပ်ဆင်ခြင်း လုပ်ငန်းကို ဇန်နဝါရီ ၁၄ ရက် နံနက် ၈ နာရီက ဆောင်ရွက်ကြသည်။

 

လုပ်ငန်းများဆောင်ရွက်ရာတွင် အမှတ်(၃)ရပ်ကွက်ရှိ လူနေအိမ်များ၊ သာသနိကအဆောက်အအုံများ၊ ရုံးဌာနများမှ လျှပ်စစ်မီးသုံးစွဲမှုအခြေအနေ၊ ဆားဗစ်ကြိုးများ သွယ်တန်းထားမှုအခြေအနေ၊ ဓာတ်အားလိုင်းကြိုးများ လျော့ကျခြင်း ရှိ/မရှိ စစ်ဆေးပြီး ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး၊ တိရစ္ဆာန်များ တက်ခြင်းကြောင့် ဓာတ်အားပြတ်တောက်မှု မဖြစ်စေရေးနှင့် ကာကွယ်ရေး၊ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေး တို့အတွက် လျှပ်စစ်ဓာတ်အားတိုင်များတွင် Service Box များ တပ်ဆင်ပေးရခြင်း ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။

အိဖြူဖြူမောင်(ပြန်/ဆက်)