ဆင်ပေါင်ဝဲ နိုဝင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ ရုံးပိတ်ရက်များအပါအဝင်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ဆင်ပေါင်ဝဲ မြို့နယ်၊ဦးစီးမှူးရုံး၌ ယမန်နေ့နံနက်(၁၀)နာရီမှစတင်၍ ရွှေမောင်းစွန်းကျေးရွာမှပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ရာ၃(က)အသက်(၁၀)နှစ်ပြည့်(၃)ယောက်၊၊၆(က)အသက် (၁၈)နှစ်အထက် (၂)ယောက်၊ လဲလှယ်(၅) ယောက်နှင့် မိတ္တူ(၇)ယောက်၊စုစုပေါင်း(၁၇) ယောက်အား နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၂၁-ခုနှစ်၊မေလ(၃) ရက်နေ့မှ ယနေ့အချိန်ထိ နိုင်ငံသားစိစစ်ရေး ကတ်ပြား (၂၄၁၃)ခု၊ အိမ်ထောင်စုလူဦးရေ စာရင်း(၆၁၇)ခု ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး၊ ဦးစီးအရာရှိ ဦးသိန်းလွင်ထံမှ သိရသည်။
ချိုချိုဝင်း(ဆင်ပေါင်ဝဲ)


