ဆင်ပေါင်ဝဲ နိုဝင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများအား ဒုတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၈)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများမှ ဆရာတော်၊သံဃာတော်များနှင့် ပြည်သူများ အတွက် ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ဆေးထိုးနှံရန် ကာကွယ်ဆေး (၅၈၃)လုံး ထပ်မံရရှိခဲ့၍ စုစုပေါင်း လူဦးရေ(၂၉၁၅)ဦးအား ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို နေ့စဉ် နံနက်(၉)နာရီမှ ၁၂ နာရီနှင့် မွန်းလွဲ(၁)နာရီမှ(၃)နာရီထိ ဆောင်ရွက်ပေးလျက်ရှိသည်။

မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများ၌ ကာကွယ်ဆေးထိုးရန် သတ်မှတ်စုရပ်နေရာများတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆေးထိုးနှံပေးခဲ့ရာ နိုဝင်ဘာ(၉)ရက်နေ့အထိ ဒုတိယအသုတ်(ဒုတိယ)အကြိမ်အဖြစ် (၁၂၄၀)ဦးအား ထိုးနှံပြီးစီးခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ချိုချိုဝင်း(ပြန်ဆက်)