ဆင်ပေါင်ဝဲ မေ ၂၃

 

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားနိုင်ရေး အခြေခံပညာကျောင်းများ၌ ယနေ့ နံနက် ၈ နာရီမှ စတင်၍ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်လျက်ရှိသည်။

 

ဆင်ပေါင်ဝဲမြို့နယ်တွင် မေ ၂၃ ရက်မှစတင်၍ ဇွန် ၂ ရက်အထိ ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်နှံနိုင်ရေး လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံရာတွင် ကျောင်းသုံးပစ္စည်းများဖြစ်သည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ဝတ်စုံတို့အား အခမဲ့ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

 

ခန့်ဝင်း(ဆင်ပေါင်ဝဲ)