ဆင်ပေါင်ဝဲ ၁၁ ဇွန်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် အခြေခံပညာ ထက်၊ လယ်၊ မူလတန်းကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁)ကျောင်း စုစုပေါင်း (၁၄၇)ကျောင်း တစ်ဦးလျှင် တစ်ဒါဇင်နှုန်းဖြင့် အခမဲ့ဖြန့်ဝေပေးမည့် ကျောင်းသုံး ဗလာစာအုပ်များ ယနေ့ နံနက် ၈ နာရီက ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါရောက်ရှိလာသော ကျောင်းသုံးဗလာစာအုပ်များအား အရည်အသွေးစိစစ်ခြင်းများကို တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးနှင့် တာဝန်ရှိသူများက ကြိုတင် ပေးပို့ထားသည့် ဗလာစာအုပ်နမူနာများနှင့် ရောက်ရှိလာသည့် ကျောင်းသုံးဗလာစာအုပ်များအား အရည်အသွေးပြည့်မိခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းများသို့ ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခန့်ဝင်း(ပြန်/ဆက်)


