ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၆

ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ သံသယလူနာများနှင့် ထိစပ်သူများအား ကိုဗစ်-၁၉ Antigen (RTD) Test ဖြင့် ရောဂါပိုးရှိ/မရှိ ဖေဖော်ဝါရီ ၅ ရက်က ၁၁၆ ဦးအား စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် (၂)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၂)ဦးအား ဆင်ပေါင်ဝဲမြို့နယ်ပြည်သူ့ဆေးရုံ သံဃာဆောင်နှင့် ယာယီကုသဆောင်တို့၌ ထားရှိကုသဆောင်ရွက်လျက်ရှိပြီး ၎င်းတို့နှင့် ထိစပ်ခဲ့သူများအား သက်ဆိုင်ရာနေရာများတွင် ထားရှိစောင့်ရှောက်သွားမည် ဖြစ်သည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် ဖေဖော်ဝါရီ ၅ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၁၂၂၄ ဦး၊ ဆေးရုံဆင်း ၁၁၅၆ ဦး၊ ဆေးရုံတက်လက်ကျန် ၁၅ ဦး၊ သေဆုံးသူ ၅၃ ဦးရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။

နိုင်လင်း (မြို့နယ်ပြန်/ဆက်)