ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တာဝန်ခံ ဒေါက်တာစိုင်းမင်းသူနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်၊ စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦနိုင်ဦးနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းက သဲကုန်းမြို့ပေါ်ရှိ ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း၍ ကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာ၌ ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် ဆေးပစ္စည်းများကို ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုများ မရှိစေရေးနှင့် ဆေးပစ္စည်းများ ဝယ်ယူသုံးစွဲသူပြည်သူများ၏ ဘေးကင်းလုံခြုံမှုရရှိစေရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တာဝန်ခံ ဒေါက်တာစိုင်းမင်းသူက ပြည်သူလူထု အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေးနှင့် အရည်အသွေးပြည့်ဝ၍ ဘေးအန္တရာယ် ကင်းရှင်းသော ဆေးပစ္စည်းများ ရောင်းချနိုင်ရေးအတွက် အသိပညာပေးခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)


