ဆင်ပေါင်ဝဲ၊ ၁၆ ဇွန်

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်ရှိ ကမ်းနားလမ်းအား ကွန်ကရစ်လမ်းအဖြစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။        

အဆိုပါ ဆောင်ရွက်လျက်နေသော ကမ်းနားလမ်းသည် ယခင်က မြေသားလမ်းဖြစ်၍ အရှည် (၂၇၀)ပေရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေမှ ငွေကျပ် ၅၉၅၀၀၀၀ ဖြင့် လမ်းအရှည် (၂၇၀)ပေ၊ အကျယ် (၁၂)ပေနှင့် အနက်ထု (၈)လက်မကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေခြင်းဖြစ်သည်။ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းပြီးစီးပါက ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေချောမွေ့စွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ချိုချိုဝင်း

mdn