ဆင်ပေါင်ဝဲ ၁၆ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် အ.ထ.က ကျောင်းသား/ ကျောင်းသူဟောင်းများ၏ (၂၃) ကြိမ်မြောက် အာစရိယပူဇော်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက ဆင်ပေါင်ဝဲမြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အ.ထ.က ကျောင်းသား/ ကျောင်းသူဟောင်းများက အခမ်းအနားကို ပဉ္ဇဂုဏံ အဟံဝန္တာမိ၊ အာစရိယ ဂုဏံအဟံဝန္တာမိ (၃) ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဆရာဦးစိုးသိန်းက ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများအား ကျောင်းသား/ ကျောင်းသူဟောင်းများက သြကာသ ကန်တော့ချိုးဖြင့် ကန်တော့ခဲ့သည်။
အခမ်းအနားတွင် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး(၉၁)ဦးအား ဝတ္ထုပစ္စည်း အလှူငွေများဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ကန်တော့ခံ ဆရာကြီး ဦးတင်အေး၊ ဆရာကြီး ဦးဆယ်တင်၊ ဆရာမကြီး ဒေါ်ခင်ကြည်တို့က ဆုံးမသြဝါဒစကား မြွက်ကြားပေးခဲ့ကြောင်း သိရသည်။
ခန့်ဝင်း (ပြန်/ဆက်)


