ဆင်ပေါင်ဝဲ နိုဝင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၁)အခြေခံပညာ မူလတန်းလွန် ကျောင်းအုပ်ဆရာကြီး ဦးသိန်းမြင့်မှ ကိုလိုနီပညာရေး၊ တက္ကသိုလ်ဥပဒေ၊ ကျောင်းသားများ၏ ရှေးဦးဆုံးလှုပ်ရှားမှု၊ သပိတ်တိုက်ပွဲဖြစ်ပေါ်လာပုံနှင့် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံအကြောင်းများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ်အား We Love Sinbaungwe Facebook Page မှတဆင့် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)


