ဆင်ပေါင်ဝဲ ဇူလိုင် ၈

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့တွင် ဇူလိုင် ၅ ရက်က မြို့နယ်ဘောလုံးအားကစားကွင်း၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် စတင်စစ်ဆေးခဲ့ရာ ဇူလိုင် ၈ ရက်တွင် လာရောက်စစ်ဆေးသူ (၆၈) ဦးအနက် (၂၁) ဦး တွေ့ရှိခဲ့ပြီး ယနေ့အချိန်ထိ စုစုပေါင်း ပိုးတွေ့လူနာ (၄၁) ဦးအထိ ရှိလာကြောင်း ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ပိုးတွေ့လူနာ (၂၁)ဦးမှာ ဖောင်အိုင်ကျေးရွာမှ (၂)ဦး၊ ကျွန်းအနောက်စုကျေးရွာမှ (၁)ဦး၊ ကျောင်းကုန်းကျေးရွာမှ (၂)ဦး၊ အမှတ်(၁) ရပ်ကွက်မှ (၃)ဦး၊ အမှတ်(၂) ရပ်ကွက်မှ (၈)ဦး၊ အမှတ်(၃) ရပ်ကွက်မှ (၅)ဦးဖြစ်ပြီး ဆင်ပေါင်ဝဲမြို့ မြို့နယ်ခန်းမနှင့် မြို့နယ်သာသနာ့ဗိမာန်တို့တွင် သီးခြားထားရှိသွားမည်ဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)