စလင်း  ၁၉ ဇူလိုင်     


မကွေးတိုင်းဒေသကြီး စလင်းမြိုနယ် ဆင်ဖြူကျွန်း အထက၌ ဇူလိုင်လ ၁၈ ရက်နံနက် ၁၀ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။


ရှေးဦးစွာ အခမ်းအနား၌ ဆင်ဖြူကျွန်းရဲစခန်းမှူး ရဲအုပ်စည်သူဝင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဆိုင်ရာကိစ္စများကို ရှင်လင်းပြောကြားသည်။ အဆိုပါဟောပြောပွဲသို အထကမှ ဆရာဆရာမ ၁၅ ဦးနှင့် ကျောင်းသားကျောင်းသူ ၁၃၅ ဦးတက်ရောက်နားထောင်ခဲ့ကြကြောင်း သိရသည်။


စစ်ကြည်(စလင်း)