ဆင်ဖြူကျွန်း  ၃၀   မတ် 

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့(COVID-19)ရောဂါကာကွယ် ထိန်းချုပ် ကုသ ရေးနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းကော်မတီဝင်များသည် မတ်လ(၂၉)ရက်နေ့က တိုက်နယ်အတွင်း ကျေးရွာများရှိ (၁၄)ရက်ကြာ သီးသန့်နေထိုင်ကျန်းမာရေးစောင့်ကြည့်မှု(Facility Quarantine) ခံယူနေသည့် နေရပ်ပြန်ပြည်သူများထံသို့သွားရောက်ကြည့်ရှု၍ အစားအသောက်များနှင့်ဆေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

a

 

ဆင်ဖြူကျွန်းမြို့ (COVID-19)ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်း ကော်မတီဥက္ကဌ မြို့အုပ်ချုပ်ရေးမှူး ဉီးဝေဖြိုးထွန်းနှင့်ကော်မတီဝင်များ၊  ဒုရဲအုပ် ကျော်မျိုးဇော်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့လူငယ်ပရဟိတအသင်းအဖွဲ့ဝင်များသည် သမြင်ကင်း၊ နောင်တော်ကြီး၊ နောင်တော်လေး၊ ဆင်မကျွန်းကျေးရွာများရှိသတ်မှတ်နေရာများတွင် ဖွင့်လှစ်ထားသော(Facility Quarantine)ခံယူနေသည့် နေရပ်ပြန်လာသူများ၊  အနီးကပ်ကြီးကြပ်နေသောကျန်းမာရေးဝန်ထမ်းများ၊ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ ကြက်ဥ၊ အချိုရည်၊ နို့ဆီ၊ ကော်ဖီ၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် Hand gel ၊ Mask ၊ လက်အိတ် (Glove)၊ Dettol  ပိုးသတ်ဆေး၊ အရက်ပြန်စသည့်ဆေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

a


 
စိုးမိုးသူ(စလင်း)