ချောင်းဆုံ  ၁၃  မတ်    


မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အတွင်းရှိ ဆင်းရဲနွမ်းပါးပြီး အပြင်တိမ်၊ အတွင်းတိမ်မျက်စိ ဝေဒနာ ခံစားနေရသည့် ပြည်သူများအား ချောင်းဆုံမြို့ပြည်သူ့ဆေးရုံတွင် မတ်လ(၁၀)ရက်နေ့က သီတဂူဆေးခန်းမှမျက်စိအထူးကုဆရာဝန်ဒေါက်တာ ပွင့်ဦးနှင့်မျက်စိအထူး ကုဆရာဝန်ကြီး များလာ ရောက်ပြီးမျက်စိအတွင်းတိမ်ဝေဒနာ ခံစားနေရသည့် လူနာ(၁၈၉)ဦးတို့အား ခွဲစိတ်ကုသမှုခံယူရန်အတွက် အခမဲ့စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဆေးကုသမှု ခံယူရာတွင် မျက်စိအတွင်းတိမ်ဝေဒနာ ခံစားနေရသည့် လူနာ (၁၈၉)ဦးအနက် အမှန်တကယ် ခွဲစိတ်ရန် လိုအပ်သည့် လူနာ(၄၈)ဦးအား ဆေးကုသမှုများကို အဖွဲ့(၄)ဖွဲ့ခွဲ၍ (မတ်လ၂၅ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အတွင်း) ရောဂါအခြေအနေပေါ် မူတည်ပြီး မော်လမြိုင် မျက်စိအထူးကုဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူရန် မျက်စိအထူးကုဆရာဝန် ဒေါက်တာပွင့်ဦးမှ ဆေးကုသ စရိတ်များကို အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။


MDN