ဆင်းရဲတဲ့နိုင်ငံတွေမှာ ကင်ဆာရောဂါဖြစ်ပွားနှုန်း နှစ်၂၀ အတွင်း ၈၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်နိုင်ကြောင်း WHO ခန့်မှန်းပြောဆို

၅ ဖေဖော်ဝါရီ

 

ဝင်ငွေနည်းတဲ့ နိုင်ငံနဲ့ ဝင်ငွေ အလယ်အလတ်ရှိတဲ့ နိုင်ငံတွေမှာ ကျန်းမာရေးအတွက် ကာကွယ်မှုနဲ့ စောင့်ရှောက်မှုတွေမှာ ရင်းနှီးမြှုပ်နှံမှုမရှိတာကြောင့် ကင်ဆာရောဂါဖြစ်ပွားနှုန်းဟာ ၈၁ ရာခိုင်နှုန်းအထိ ၂၀၄၀ အရောက်မှာ ဖြစ်ပွားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဖေဖော်ဝါရီ ၄ ရက်နေ့က သတိပေး လိုက်တာဖြစ်ပါတယ်။ 

 

ဆင်းရဲတဲ့နိုင်ငံတွေမှာ ကုသရေးအတွက် အထောက်အပံ့တွေဟာ ကန့်သတ်မှုတွေရှိနေပြီး ကင်ဆာရောဂါ တိုက်ဖျက်ရေးထက် ကူးစက်ရောဂါတိုက်ဖျက်ရေးနဲ့ မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ ကောင်းမွန်အောင်လုပ်ဆောင်နေတဲ့အတွက်ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေမှာ ကင်ဆာရောဂါကြောင့် သေဆုံးမှုဟာလည်း အမြင့်ဆုံးမှာရှိနေတာကို တွေ့ရပါတယ်။ 

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ လက်ထောက် ညွှန်ကြားရေးမှူးချုပ် ရန် မင်ဟူး က ဆင်းရဲတဲ့နိုင်ငံနဲ့ ချမ်းသာတဲ့နိုင်ငံကြားက ကင်ဆာရောဂါကုသရေးမှာ မညီမျှတာကို လက်မခံနိုင်တဲ့အတွက် ဘယ်လိုလုပ်ဆောင်မလဲဆိုတာ သတိပေး ခေါင်းလောင်းထိုးလိုက်တာ သာဖြစ်တယ်။ လူတွေဟာ ကျန်းမာရေး စောင့်ရှောက်မှု ရရှိမယ်။ နောက်တစ်ဆင့် ကုသမှုသာရမယ် ဆိုရင် ကင်ဆာရောဂါဟာ ကနဦးအဆင့်ကတည်းက ပျောက်ကင်းနိုင်မယ်။ ကင်ဆာရောဂါကြောင့် သေဆုံးမှု ဘယ်နေရာဒေသမှာမှ မရှိသင့်တော့ဘူး လို့ ပြောပါတယ်။ 

 

86

 

လာမယ့် ဆယ်နှစ်ကျော် အတွင်းမှာ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ သာ ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ကင်ဆာရောဂါကြောင့် လူပေါင်း ၇ သန်း မသေဆုံးနိုင်တော့ဘူးလို့ WHO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

 

ကင်ဆာနှစ်ပတ်လည် အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်းမှာ ၂၀၄၀ အရောက်မှာ ကင်ဆာရောဂါရှင် ၆၀ ရာခိုင်နှုန်း အထိ မြင့်တက်လာနိုင်ကြောင်း၊ ကင်ဆာရောဂါဟာ ချမ်းသာတဲ့နိုင်ငံတွေမှာဖြစ်ပွားတဲ့ ရောဂါအဖြစ် မမှတ်ယူနိုင်တော့ကြောင်း ၊ ကင်ဆာကြောင့် ၂၅ ရာခိုင်နှုန်းသေဆုံးမှုအတွက် ဆေးလိပ်သောက်သုံးမှုက တာဝန်ရှိလာမှာဖြစ်ကြောင်း ရေးသားထားပါတယ်။ 

 

MDN
ကိုးကား -AFP