ဆင်းသုခမျိုးစပါး တတိယအကြိမ် မျိုးခွဲပယ်ခြင်း ဆောင်ရွက်

ကျောက်ထု ၁၉ အောက်တိုဘာ

ဂန့်ဂေါခရိုင် ကျောက်ထုမြို့ စိုက်ပျိုးရေ:ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် သရက်ချဉ်ကျေးရွာ ကွင်းအမှတ် ၄၆ တွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့်အညီ ဆင်းသုခစပါး ၁၀ ဧကစိုက်ပျိုးထားသည်။
 
အဆိုပါ လယ်ပွဲသို့ ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကျော်မြင့်နှင့် ဝန်ထမ်းများ၊ အကျိုးဆောင်များသည် ယနေ့နံနက်တွင် မျိုးသန့်မျိုးပွါး၊ မျိုးခွဲပယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ 

အဆိုပါ လယ်မြေမှထွက်ရှိသည့် စပါးများကို မျိုးစပါးအဖြစ် ဆက်လက်ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း သိရသည်။ 

မောဟေမာန် (ပြန်ဆက်)