ပလောက်   ၁၆    သြဂုတ်     


အသက်(၁၀)နှစ်ပြည့်နှင့် (၁၈) နှစ်ပြည့် ၃(က)/ ၆(က) မိတ္တူ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိနိုင်စေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးနှင့် ဒုက္ခသည်များဆိုင်ရာ နော်ဝေကောင်စီ (NRC) ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျေးလက်နေ ပြည်သူများအား သြဂုတ်လ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပလောက်မြို့ ဆင်ထိုးကြီးကျေးရွာအုပ်စု၊ ဆင်ထိုးကြီးကျေးရွာ၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ ပုလောမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ  မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဝင်းဇော်ပါ ဝန်ထမ်း (၇) ဦးနှင့် (NRC) အဖွဲ့တို့က ၎င်းကျေးရွာရှိ အသက်(၁၀)နှစ်ပြည့် နှင့်အသက်(၁၈)နှစ် ပြည့် ၃(က)/၆(က) မိတ္တူ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။


MDN