၉ သြဂုတ်


ကာကွယ်ဆေးမရှိတဲ့ ဆင်တုပ်ကွေး ကူးစက်ခံရပြီဆိုရင် ပဋိဇီဝဆေးတွေ သောက်ပေမယ့်လည်း သိပ်တော့ အဆင်ပြေလှတယ် မဟုတ်ပါဘူး။ ဒီတော့ ဆင်တုပ်ကွေးသက်သာစေဖို့ ဘာတွေလုပ်လို့ ရမလဲဆိုတာကို သိချင်ရင် ဒီဆောင်းပါးလေးက သင့်အတွက်ပါ။


ဆင်တုပ်ကွေးအတွက် အိမ်တွင်းကုထုံးများ


ဆင်တုပ်ကွေး သက်သာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မယ့် အိမ်တွင်းကုထုံးလေးတွေကို ကြည့်လိုက်ရအောင်လား။


ဆားရည်စိမ်


ဆားရည်စိမ်တာက ဆင်တုပ်ကွေးကြေင့်ဖြစ်တဲ့ အဆစ်တွေနာတာကို ထိထိရောက်ရောက် သက်သာစေနိုင်သလို အရေပြားပေါ်က အဖုအပိမ့်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ နာကျင်ရောင်ရမ်းမှုကိုလည်း အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ ခန္ဓာကိုယ်ကို သွေးလည်ပတ်မှု ကောင်းစေမှာ အသေအချာပါ။


နနွင်း


နာကျင်ကိုက်ခဲတာတွေကို အထိရောက်ဆုံး သက်သာစေနိုင်သလို ရောင်ရမ်းတာကိုလည်း သက်သာစေနိုင်ပါတယ်။ နနွင်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အဖျားသက်သာစေနိုင်သလို နာကျင်ရောင်ရမ်းမှုတွေကို သိသိသာသာ သက်သာစေနိုင်မှာပါ။


ချင်း (ဂျင်း)


ချင်းပြုတ်ရည် သောက်ပေးတာကလည်း အဖျားကျစေနိုင်ပြီး အဆစ်တွေ ရောင်ရမ်းနာကျင်တာကို သိသိသာသာသက်သာစေမှာပါ။


အုန်းစိမ်းရည်


အုန်းစိမ်းရည် သောက်ပေးတာကအသည်းကို ကျန်းမာစေနိုင်ပါတယ်။ အဖျားမြန်မြန်သက်သာစေနိုင်ပြီး ဆင်တုပ်ကွေးကြောင့် ခံစားနေရတဲ့ နာကျင်ကိုက်ခဲမှုတွေကို အမြန်ဆုံး သက်သာစေနိုင်မှာပါ။


ပင်စိမ်းရွက်


ပင်စိမ်းရွက်က ကိုယ်ပူကျစေနိုင်ပြီး ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်နေတာကြောင့် ကိုယ်ခံအားကို ကောင်းစေနိုင်ပါတယ်။ ဒါကြောင့် ပင်စိမ်းရွက်ကို ရေနွေးပူပူထဲ ခတ်သောက်တာဖြစ်ဖြစ် ရေစင်အောင်ဆေးပြီး ဝါးစားပေးတာဖြစ်ဖြစ်လုပ်ပေးလို့ရပါတယ်။


နေကြာစေ့နဲ့ပျားရည်


နေကြာစေ့ကို ကြိတ်ခြေပြီး ပျားရည်နဲ့ရောစပ်လို့စားပေးပါ။ နေကြာစေ့မှာ ဇင့်နဲ့ဗီတာမင် E ပါဝင်နေတာကြောင့် ကိုယ္ခံအားကိုကောင်းစေမှာပါ။ ပျားရည်ကတော့ နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေမှာပါ။


ရေအေးဝတ်ကပ်ပေးပါ


အဆစ်တွေနာနေမယ်ဆိုရင် ဇလုံတစ်ခုထဲကို ရေနဲ့ရေခဲတုံးလေးတွေ ထည့်ပြီး အဝတ်စသန့်သန့်လေးကို စိမ်ပေးပါ။ ပြီးရင်အဆစ်နာတဲ့နေရာတွေမှာ ကပ်ပေးပါ။ ဒီလိုလုပ်ပေးတာက အဆစ်နာတာကို ထိထိရောက်ရောက်သက်သာစေမှာပါ။


ဒါတွေအပြင် ဆင်တုပ်ကွေးသက်သာစေဖို့အတွက်ဆိုရင်


ပြည့်ပြည့်ဝဝအနားယူပါ

အရည်များများသောက်ပါ

အာဟာရပြည့်ဝအောင်စားပါ

ဗီတာမင် C နဲ့ ဗီတာမင် E ကြွယ်ဝတဲ့အစားအစာတွေစားပေးပါ

ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုလေတွေလုပ်ပေးပါ

ရေနွေးနဲ့ရေချိုးပေးပါ (ဆပ်ပြာခပ်ပျော့ပျော့လေးသုံးပေးပါ)


ကြက်သွန်ဖြူများများစားပေးပါ။


ရေးသားသူ - Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”