ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ဖို့ နာမယ်အသစ်ထွက်လာတဲ့အဖွဲ့နဲ့ ပူးပေါင်းဖို့ ကမ္ဗောဒီးယားထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ငြင်းပယ်

ဖနွမ်းပင် ၂၀ ဇန်နဝါရီ

ကမ္ဗောဒီးယားနိုင်ငံရဲ့ အဓိကအတိုက်အခံပါတီကနေ တားမြစ်ထားတဲ့ နာမည်ကြီး ပြည်ပနိုင်ငံတွေမှာ ရောက်ရှိ နေသူတွေဦးဆောင်ပြုလုပ်မယ့် ဆန့်ကျင်လှုပ်ရှားမှုတစ်ခုမှာပါဝင်ဖို့ ထိန်းသိမ်းခံအတိုက်အခံခေါင်းဆောင် ကမ်ဆိုခါက ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။ 

ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ကာလနှစ်ရှည်ရန်သူ ဆမ်ရိန်းစီက ကမ္ဗောဒီးယား အမျိုးသားကယ်ဆယ်ရေးလှုပ်ရှားမှု (CNRM)  ကို  ပြီးခဲ့တဲ့နှစ် ဂျူလိုင် ၁၃ မှာ စတင်ကြောင်း ကြေငြာခဲ့ပြီးတဲ့နောက်မှာ  ကမ္ဗောဒီးယား အမျိုးသား ကယ်ဆယ်ရေးပါတီ(CNRP)  ကိုဖျက်သိမ်းပြီး ပါတီခေါင်းဆောင် ကမ်ဆိုခါ ကို ဖမ်းဆီးခဲ့ပါတယ်။ 

ပြည်သူလူထုကို ငြိမ်းချမ်းစွာ ဆန္ဒပြတွေ ဖော်ဆောင်ဖို့၊ အလုပ်သမားတွေကလည်း သပိတ်မှောက်ဖို့ နဲ့ အဲဒီဆန္ဒပြပွဲကို လက်နက်ကိုင်တပ်ဖွဲ့တွေ လာရောက်ပူးပေါင်းဖို့ CNRM ခေါင်းဆောင် ဆမ်ရိန်းစီ က ပြောနေဆို ပါတယ်။ 

CNRP ပါတီက CNRM အဖွဲ့ ပေါ်ပေါက်လာတဲ့အပေါ်မှာ ပါတီတွင်းမှာ အက်ကြောင်းပေါ်လာပါတယ်။ 

ကမ်ဆိုခါကတော့ သူ့အနေနဲ့ ဘယ်လှုပ်ရှားမှုမှာမှ ပါဝင်မှာမဟုတ်ကြောင်း၊ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့ လူဦးရေ သုံးသန်းကျော်က ထောက်ခံထားတဲ့ CNRP ပါတီမှာပဲ ဆက်ရှိမှာဖြစ်ကြောင်း သောကြာနေ့က ကမ်ဆိုခါ ကို သွားရောက်တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ကမ်ဆိုခါရဲ့ သမီးဖြစ်သူကလည်း CNRP ကို စိတ်ပျက်မသွားကြဖို့ပဲ အရေးကြီးကြောင်း၊ ပါတီရဲ့လမ်းစဉ်အတိုင်း ဆက်လုပ်မှာ ဖြစ်ကြောင်း၊ ကမ္ဗောဒီးယားမှာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲတွေဖြစ်ပေါ်လာဖို့ တွန်းအားပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆမ်ရိန်းစီ ကတော့ ပြစ်ဒဏ်တွေကို ရှောင်ရှားဖို့ ၂၀၁၅ ကတည်းက ပြင်သစ်မှာနေထိုင်ခဲ့ပြီး တစ်စုံတစ်ရာ မှတ်ချက်ပြုတာ မရှိခဲ့ပါဘူး။ 

CNRP ပါတီဟာ အမေရိကန်နဲ့ပူးပေါင်းပြီး အာဏာရယူရေးကြိုးပမ်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ခေါင်းဆောင် ကမ်ဆိုခါ ဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်းမှာ ပျက်ပြားခဲ့ပါတယ်။ အဆိုပါအခြေအနေတွေကို အကူအညီပေးနေတဲ့ အနောက်နိုင်ငံတွေက ရှုတ်ချခဲ့ကြပြီး ရွေးကောက်ပွဲဟာ မျှတမှုရှိမှာမဟုတ်ဘူးလို့ ဝေဖန်ထားပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဟွန်ဆန်ကပဲ လွယ်လွယ်ကူကူနဲ့ အနိုင်ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဆမ်ရိန်းစီ နဲ့ ကမ်ဆိုခါ ရဲ့သီးခြားပါတီတွေကို စုစည်းပြီး CNRP ပါတီကို ၂၀၁၂ မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ၂၀၁၃ အထွေထွေရွေးကောက်ပွဲနဲ့ ဒေသအလိုက် ရွေးကောက်ပွဲတွေမှာ အနိုင်ရရှိထားပြီး အဆိုပါအောင် မြင်မှုတွေနဲ့ CNRP ပါတီ ရဲ့အလားအလာနဲ့ ရွေးကောက်ပွဲအင်အား ပြသထားနိုင်ခဲ့ပါတယ်။

ဘာသာပြန် > မိုးမမ

ကိုးကား > ရိုက်တာ