ဆည်အတွင်း အပန်းဖြေထွက်သည့် ကလေးများ စက်လှေတိမ်းမှောက်၍ ၁၀ဦး သေဆုံး

 

 

အစ္စလာမ္မာဘတ်၊ ဇန်နဝါရီ ၃၀

 

ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း ခိုင်ဘာပါတ်ထွန်ခ်ဟွာ ပြည်နယ်ခိုရက်ခရိုင်ရှိ ဆည်တစ်ခုအတွင်း ဇန်နဝါရီ ၂၉ ရက်က စက်လှေ တိမ်းမှောက်မှုကြောင့် ကလေး ၁၀ ဦးသေဆုံးခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။ ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက တန်ဒါဆည်တွင် ကလေး ၂၅ ဦး ပါဝင်သည့် စက်လှေတိမ်းမှောက်ခဲ့ရာ ရေငုပ်သမားများက ကလေး ၁၆ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ခိုရက်ခရိုင် ကော်မရှင်နာဖာကန်အက်ရှရက်ဖ် ကပြောသည်။

 

ဆည်အတွင်း သေဆုံးနေသည့် ကလေးကိုးဦး၏ အလောင်းကိုလည်း တွေ့ရှိခဲ့ကြောင်း ၎င်း ဆက်ပြောသည်။ ထိုစဉ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် ကလေးများအနက် တစ်ဦးမှာလည်း သေဆုံးသွားခဲ့သည်။ ကလေးများသည် ဆည်သို့ အပန်းဖြေရန် လာရောက်ကြသည့် စာသင်ကျောင်းတစ်ခုမှ ကလေးငယ်များ ဖြစ်ကြကြောင်း ကယ်ဆယ်ရေး အဖွဲ့မှ ဆင်ဟွာသို့ ပြောသည်။

 

ဆင်ဟွာ